Tuesday, December 17, 2013

ကိုင်း ဒီကိစ္စ ဘယ်လို လုပ်ကြမတုန်း


https://www.facebook.com/zay.min.142




ကျောင်းနား မှာ ဆေးလိပ် ဆေးရွက်ကြီး ကင်းစင် နယ်မြေ ဆိုတာ လူကြီးပြောင်းသွားလို့ ဆောင် ပုဒ်ပါ တစ်ခါတည်း သူ့နောက်ပါသွားလေရာ့သလား မ ပြောတတ်ပါဘူး။

 ဒီအထဲက တစ်ပုံကို အိတ်ပိတ်ပြီး အဲ့ဒီကျောင်းက အတန်း ခေါင်းဆောင် ဆရာလက်ထဲလည်း ထည့်ပြီးပါပြီ။ အ ထောက်အထား ယူပေးတဲ့ ကိုယ့်ကို တောင် ပြန် ရန်လုပ်ချင် တဲ့ပုံပဲ ပြောပုံက ဒီပုံ ဘယ်သူရိုက်တာလဲတဲ့။

ဒါ ကျောင်း ကို သိက္ခာချတာဆိုလားဘဲ ။ တလ ကျော်သွားပါပြီ ဘာမှထူးမလာပါဘူး ။
ကျောင်းနားက ဆိုင်တွေက တော့ ဆေးလိပ်ကို ကျောင်းသား ကျောင်းသူ တွေကို ရောင်းဆဲပါဘဲ။
အ ကြွေအမ်း တာတောင် ငါးဆယ် မရှိလို့ ဆေးလိပ်ယူသွားတဲ့ဗျာ နားနဲ့ ဆက်ဆက် ကိုကြားတာပါ။ ပထမတော့ က လေးက မယူပါဘူး။ နှစ်ခါလောက်ပြောတော့ သူလည်း ယူသွားရှာတယ။်
ဒီအချိန်မှာ သွားပြောရင် ရန်ဖြစ်ဖို့ပဲရှိတာပေါ့။

ဖြစ်စေချင် တာက ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရောင်းတဲ့ ဆိုင်တွေကို ကျောင်းသား သူတွေကို
ဆေးလိပ် မ ရောင်းဖို့သတိပေးလို့ ကျောင်းအုပ်ကြီးကလည်း ဆေးလိပ် သောက်တဲ့ က လေးကို 
သိတာနဲ့ ပြင်းပြင်းထန်ထန်အ ရေးယူမယ်လို့ သတိပေးလို့ ဒီလိုလေး ဖြစ်စေချင် တာပါ။

တစ်လ သာကျော်သွားတယ် မထူးလာဘူး ဒါ့ကြောင့် ဖွဘုတ်မှာ တင်ပြီး ဖွတယ် လို့သာမှတ်ပေါ့ဗျာ။ ခေတ်မှီလာပြီနော် ကိုရီးယားမ တွေ လိုပဲ နောက်ဆို အရက်ဆိုင် ပါထိုင်တော့မှာ ရင်လေးပါတယ်ဗျာ အဲဒီအချိန် ရောက်မှာနဲ့ ကျုပ်သမီး အဲ့ဒီ့အရွယ် ရောက်မှာနဲ့က တော့ ကွက်တိပဲ အမြင် မ တော်သူများ များများရှဲပေးကြပါဗျာ အမြင်တော်ရင်တော့လည်းတတ်နိုင် ဘူး ကျောင်းနာမည် သိချင် သူများ ချက်ဘောက်မှတဆင့် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

 မေးမြန်းဆုံစမ်းခြင်းကို ဒလ ဟော ခွင့်ပြုပါတယ်။






Sunday, December 8, 2013

“ရွှေမြန်မာတို့သတိထားသင့်သည့် လူက လူကိုမျိုခြင်း”


“ဒီနေရာလေးမှာ မြေမျိုလို့ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုမည်” ဆိုတဲ့ ဆောင်ပုဒ်လေးကို အများနားလည် သဘောပေါက်အောင် အနည်း ငယ်လောက်ရှင်းပြချင်ပါတယ်။ လူတော်တော်များများ နားလည်ထား တာက “လူကို မြေက မျိုတယ်” လို့ဆိုလိုက်တာနဲ့ ဘုရားဟော ကျမ်းဂန်တွေ ထဲက ရှင်ဒေဝဒတ်ကြီး မြေမျိုခံရတာ၊ ဥပ္ပလဝဏ်ထေရီဝတ္ထုထဲက နန္ဒလုလင်မြေမျိုခံရတာ၊ နောက်ပြီး သုပ္ပဗုဒ္ဓဘုရင်ကြီး မြေမျိုခံရတာ စတဲ့ အကုသိုလ်ကံ ကြီးမားလို့ အရှင်လတ်လတ် မြေမျိုခံ ရတာကို ပြေးပြီး မြင်ကြ ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လည်း မိဘကို ပြစ်မှားလို့ အရှင်လတ်လတ် မြေမျို ခံရတဲ့ တကယ်ဖြစ်ရပ်မှန်တွေရှိခဲ့ပါတယ်။

ဒီနေရာလေးမှာ သိစေချင်တာက သက်ရှိထင်ရှားလူတစ်ဦးတစ်ယောက်ကို အရှင်လတ်လတ် မြေမျို မှ မြေမျိုတယ်လို့ ခေါ်တာမဟုတ်ပါဘူး။ အသက်ဝိညာဉ်ချုပ်နေတဲ့ သူသေအလောင်းကောင်ကို တွင်းတူးပြီး မြေကြီး ထဲ မြှပ်ပစ်လိုက်တာဟာလည်း မြေကြီးက လူကိုအကောင်လိုက် မျိုလိုက် တာပါပဲ။ ဒီလို ကမ္ဘာနှင့်အဝှမ်း နှစ်စဉ် တစ်နေ့တစ်နေ့ လူတွေကို မြေကြီးက ဝါးမျိုလာလိုက်တာ ဂဏန်းသင်္ချာ ရေ တွက်ပြဖို့ရာပင် မစွမ်းနိုင်လောက်တဲ့ အထိ ရှိခဲ့ပါပြီ။

ဒါပေမယ့် မြေကြီးက မရေမတွက်နိုင်လောက်အောင် များပြားလှတဲ့ လူတွေကို မျိုသွားလို့ ဘယ်လူမျိုးတွေတော့ မျိုးပြုတ်သွားပြီ၊ ဘယ် ဘာသာဝင်တွေတော့ မျိုးတုံး ပျောက်ကွယ်သွားပြီလို့ မရှိခဲ့ ပါဘူး။ မြေကြီး ကတော့ ယခင်ကလည်းသူသေကောင်တွေ မျိုလာခဲ့သလို နောင်နှစ်ပေါင်း များစွာ တိုင်အောင်လည်း မျိုနေဦးမှာပါပဲ။

နောက်ပြီး ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ သာဓကတစ်ခုကို ပြောပါဦးမယ်။ ကမ္ဘာ့လူသတ်ကောင်လို့ နာမည်ဆိုး နဲ့ ကျော်ကြားခဲ့တဲ့ စစ်အာဏာရှင် ဟစ်တလာဟာ သန်းပေါင်းများစွာသော ဂျူးလူမျိုးတွေကို ကမ္ဘာပေါ်မှ မျိုးတုံးပျောက်ကွယ်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် မျိုးတုံးပျောက် ကွယ် သွားခြင်းမရှိတဲ့အပြင် ဂျူးလူမျိုးတွေ ဟာ အစ္စရေးဆိုတဲ့ ဂျူးနိုင်ငံကိုတောင် ထူတောင်နိုင် ခဲ့ကြပါသေး တယ်။

ဒီအကြောင်းနဲ့ပတ်သတ်ပြီး ပြောလိုရင်းကတော့ လူမျိုးတစ်မျိုးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့်   ပျောက်ကွယ် သွားတယ်ဆို တာမျိုးလည်း မရှိခဲ့သလို၊ မြေက မျိုလို့ မျိုးတုံးသွားတယ်ဆိုတာမျိုးလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် လူက လူကိုမျိုလို့ မျိုးတုံးပျောက်ကွယ်သွားခဲ့ဖူးတဲ့ လူမျိုးတွေကတော့ ကမ္ဘာမှာ ထင်ထင်ရှားရှား များစွာမှ ရှိခဲ့ကြပါတယ်။

ဒီနေရာလေးမှာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ သင်္ကေတကို ဘာသာ တရားနဲ့ပဲ တိုင်းတာပြချင်ပါတယ်။ လူတွေရဲ့ သင်္ကေတကို ဘာသာတရားနဲ့ ဘာလို့တိုင်းတာပြရတာလဲလို့ဆိုရင် လူတွေဟာ များသောအားဖြင့် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ဘာသာတရားတစ်ခုခု ရှိနေကြလို့ပါပဲ။

(ဘာသာမဲ့ဆိုတဲ့သူလူတွေ ရှိနေကြပေမယ့် ဘာသာတစ်ခုခုကို ယုံကြည်နေတဲ့ လူတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် လွန်စွာမှ နည်းပါးလွန်း လှပါတယ်။)

ဥပမာပြောရရင် မြန်မာနိုင်ငံလို့ ဆိုလိုက်တာနဲ့ များသောအားဖြင့် ဗုဒ္ဓဘာသာဝင်တွေ အများဆုံးနေ ထိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အများဆုံး နေထိုင်ရာ နိုင်ငံဖြစ်လို့ ဗုဒ္ဓဘာသာ နိုင်ငံတော်အဖြစ် ကိုလည်း ကမ္ဘာကအသိအမှတ်ပြုထားကြပါတယ်။ တစ်ချိန်က အင်ဒိုနီးရှား နိုင်ငံဟာလည်း ဗုဒ္ဓဘာသာ နိုင်ငံတော်အဖြစ် ထင်ရှားခဲ့ပါတယ်။

ယနေ့အချိန်ထိလည်း ဘယ်လိုမှငြင်းပယ်လို့မရနိုင်တဲ့ သက်သေအထောက် အထားတွေ ရှိနေတုန်းပါပဲ။ အဲဒီလိုပါပဲ ပါကစ္စတန်နိုင်ငံ ၊ အာဖဂန် နစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေဟာလည်း တစ်ချိန်က ဗုဒ္ဓဘာသာဝင် အများဆုံး နေထိုင်ရာ နိုင်ငံတော်အဖြစ် ရှိခဲ့ကြပါတယ်။ ဗုဒ္ဓဘသာာနဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်း အထောက်အထားတွေနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ဟာ ယနေ့အချိန်ထိ အဲဒီနိုင်ငံတွေမှာ အထင်အရှားရှိနေ ကြတုန်းပါပဲ။

ယနေ့အချိန်မှာတော့ အဲဒီနိုင်ငံတွေမှာ နေထိုင်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင် လူမျိုးတွေ ၊ ဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်တွေ ရှိကြသေးရဲ့လားလို့ဆိုရင် အဖြေကတော့ မူးလို့တောင် ရှူစရာမရှိတော့ဘူးလို့ ဖြေရမှာ ပါပဲ။ ဒါဆိုရင် ဒီဗုဒ္ဓဘာသာဝင်လူမျိုးတွေ ဗုဒ္ဓဘာသာဝင်မျိုးဆက်တွေ ဘယ်ရောက် သွားကြကုန်ပါသလဲ ၊ မြေကြီးက မျိုလို့ ပျောက်သွားကုန်ကြတာလား၊ ဒါမှမဟုတ် အခြားဘာသာဝင်လူမျိုးတွေက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ် မှုတွေကြောင့် ပျောက်ချင်းမလှပျောက်သွားကြကုန်တာလား။

အဖြေကတော့ ရှင်းရှင်းလေးပါပဲ၊ မြေကမျိုလို့ မျိုးပြုတ်သွားခဲ့ကြတာ မဟုတ်ဘူး။ “မြေမျိုလို့ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ ဆောင်ပုဒ်ထဲက စကားလို လူကလူကိုမြိုလို့ အားလုံးမျိုး တုံးပျောက်ကွယ်သွား ခဲ့ကြတာဖြစ်ပါတယ်။

အားလုံးသတိထားစရာအချက်များပင်ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဖိုးပညော(သပိတ်ကျင်း)၏
စာအုပ်ကောင်းလေးတစ်အုပ်မှ။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။     

Wednesday, November 27, 2013

မယားကောင်း မယားမြတ်ဆိုတာ (မိန်းကလေးများ အထူးဖတ်ရန်)


  မယားကောင်း မယားမြတ်ဖြစ်ဖို့ ဒါလေးတွေ ဖတ်ထားပါနော်

၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။
၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံး
၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။မကူးခြင်း..။
၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း)

“လောကနီတိကျမ်း အလိုအရမူ”
၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာ ပြုပြင် စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင် တတ်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

၃။ အမှုကိစ္စ ဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။

၎။ ဘေးဒုက္ခ ကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။

၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။

၆။ အရောင်အဆင်း ပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။

၇။ အမျက်ထွက်ရန် ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထား တတ်ခြင်း..။

ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

ဗဟုသုတတိုးပွားနိုင်ကြပါစေ

“ဗုဒ္ဓဘာသာမိန်းကလေးတိုင်း ရှောင်ကြဉ်ရမည့် အဆီကိုစား အသားကိုမျိုမည့်သူများ”

       လူမျိုးခြား ဘာသာခြား တွေဟာ ဗုဒ္ဓ ဘာသာ မြန်မာ အမျိုး သမီး တွေကို ရမယ်ဆိုရင် ချဉ်ချဉ် တူးတူး မူးပြီး ရောဆိုတဲ့ လူသားတွေ ပါပဲ။ ဒါကြောင့် မို့ မြန်မာ အမျိုး သမီးလေး များကို ရမယ် ဆိုရင် အနု နည်းနဲ့ တစ်ဖုံ၊ အကြမ်းနည်းနဲ့ တစ်မျိုး၊ နောက် ပြီး မာယာ ပရိယာယ်နဲ့ တစ်သွယ် အမျိုးမျိုး ရ အောင် ယူတတ်ကြ ပါတယ်။.... အဲသည်လို ရအောင် ယူတဲ့ အခါ မှာလည်း အဆင်းရဲဆုံး မိန်း ကလေး ကနေ အချမ်း သာဆုံး မိန်းကလေး အထိ အလွှာ အ သီးသီး ကနေ ရအောင် ယူ တတ်ကြ ပါတယ်။ ဆင်းရဲတဲ့ မိန်း ကလေးတွေ ကို ငွေရေး ကြေးရေးနဲ့ ဗန်းပြပြီး အမိ ဖမ်း တတ်ကြ သလို ချမ်းသာတဲ့ မိန်းကလေးတွေ ကိုတော့ မာယာ ပရိယာယ် ဆင်ပြီး အမိ ဖမ်းတတ်ကြ ပါတယ်။
        သူတို့ ရဲ့ မာယာ ညွတ်ကွင်း ထဲမှာ အမိဖမ်းခံလိုက်ရတဲ့ မြန်မာမိန်းကလေးတွေဟာ များသောအားဖြင့် ဘယ် လိုမှ ရုန်းထွက် လို့မ ရအောင် ချုပ်ကိုင်ထားကြပါတယ်။ ........ အဲဒီအခါ သူတို့လက်ခုပ်ထဲက ရေဖြစ် သွားပြီ မို့ မှောက်ချင် သလိုမှောက်၊ သွန်ချင်သလို သွန် လုပ်ကြ ပါတော့ တယ်။ လူ မျိုးခြား၊ ဘာသာခြား တွေဟာ မြန်မာ မိန်း ကလေး တွေကို အမိ ဖမ်းကြ တဲ့နေ ရာမှာ အပေါ် ယံနှုတ် ဖျားက ရွှေမှုန်ကြဲပြီး ချိုသလို မြူ သလို ရှိတတ်ကြပေမယ့် အတွင်းနှလုံးသားကတော့ ကျီးအာသီးလို မဲပုတ်ပုတ် ညစ်ထေထေပါပဲ။ မြန်မာ မိန်းကလေး တွေဟာ အများ အားဖြင့် အမျိုးသားရေး အခြေခံစိတ်၊ ဘာသာရေး အခြေခံစိတ် အလွန် နည်း ပါးကြ ပါ တယ်။.... ဒါဟာ လူမျိုးခြား ဘာသာ ခြားတွေ အတွက် မဟာ အခွင့် အရေးကြီး သဖွယ် ဖြစ်ခဲ့ ပါတယ်။ သူတို့ ဟာ ဒီလို အခွင့် အရေး မျိုးကြီး ကို အကွက်ကောင်း အဖြစ် အသုံး ချ နေကြ ပါတယ်။
        တစ်ချို့ မြန်မာ မိန်း ကလေး တွေဟာ အပြင် ပန်းက ကြည့် ရင်တော့ အမျိုးသားရေး စိတ်ဓာတ်၊ ဘာသာရေး စိတ်ဓာတ်တွေ ပြည့်ပြည့် ဝဝ ရှိနေတယ် လို့ ထင် ရပါတယ်။ ဒါပေမယ့် သူတို့ လက်ထဲရောက် သွားတဲ့ အခါ မှာတော့ သူတို့ရဲ့ ပုံသွင်း မှုကို ခံရ ပါတယ်။ သူတို့က ဒီလိုနေ၊ ဒီလိုစား၊ ဒီလိုဝတ်၊ ဒီဘာသာ ကို ကိုးကွယ် ဆိုရင်လည်း နှစ်ခါ မပြော ရဘူး။       ပြောရင် လည်းယုံ၊ ယုံရင်လည်း ပုံလိုက်ကြ ပါတယ်။    ဒါဟာ အကြီး မား ဆုံး- ဆုံးရှုံးမှုတစ်ခုပင်ဖြစ်၏တစ်ဘဝတည်းရှုံးတာမဟုတ်ဘဲတစ်သံသရာလုံးစာအတွက်ရှုံးခြင်း ဖြစ်လေ သောကြောင့် အရှုံးကြီး ရှုံးသည်ဟု ဆိုရမှာဖြစ်ပါတယ်။
       ဒီလို ဘာကြောင့် ဖြစ်ရ တာ လဲ ဆိုရင် အဓိက အခြေခံ အကြောင်း အရင်းကို စစ်ကြည့် လိုက်တော့ အမျိုး သားရေး အခြေခံ စိတ်၊ ဘာသာရေး အခြေခံ စိတ်ဓာတ် ကောင်းတွေ နည်းပါ မှုတွေ ကြောင့် ပါပဲ။ ဒါကြောင့် မို့လည်း မြန်မာ အမျိုး သမီး လေးတွေ လူမျိုးခြား ဘာသာ ခြားနောက် ကို ဟိုရပ်ကွက်က ပါသွား လိုက်၊ ဒီရပ် ကွက်က ပါသွား လိုက်ဖြစ် နေကြတာ မနည်း တော့ပါဘူး။ သေချာ ဆင်ခြင် သင့်ပါပြီ။ အားလုံး လည်း ဘာသာခြား များရဲ့ ရက် စက်စွာ ညှင်းပန်းနှိပ် စက်မှု များကို ဗီဒီယို ဖိုင်တွေ၊ အင်တာနက် စာမျက်နှာ များ မှာပါ မြင်တွေ့ နေကြ ရပါပြီ။ ဆက်မိုက် နေမည် ဆိုရင်တော့ ကိုယ့် အတွက်နဲ့ ဘာသာ သာသနာ လူမျိုးနဲ့ မိမိရဲ့ မိဘ ဆွေမျိုး ဂုဏ် သိက္ခာ များပါ ပွန်းပဲ့ ပျက်စီး ပါ လိမ့်မယ်။ ဒီလိုသာ များလာ မယ်ဆို ရင် ဗုဒ္ဓ ဘာသာ ဟာ မြန်မာ မြေပေါ်မှာ ပျောက်ကွယ် သွားပါ လိမ့်မယ်။
      အထူး ဂရုစိုက် သတိထား ဆင်ခြင် ကြပါလို့ တိုက်တွန်း ပါရစေ။ နောက်ပြီး လူမျိုးခြား ဘာသာခြားနောက် ပါသွား ကြတဲ့ မြန်မာအမျိုးသမီးလေးတွေဟာ တစ်ယောက်အစ တစ်ရာမတော့တဲ့အတွက် ကြာလာရင် အမျိုးသား အန္တရာယ်၊ ဘာသာရေးအန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။ ဘာလို့ဒီလိုပြောနေရတာလဲဆိုရင် လူမျိုးခြား နောက် ဘာသာခြား နောက်ပါ သွားတဲ့ မြန်မာအမျိုးသမီးတိုင်းဟာ ကိုယ့်လူမျိုး ကိုယ့် ဘာသာ တွေရဲ့ အယူကိုစွန့်ပြီး သူတို့လူမျိုး သူတို့ဘာသာနောက်ကို ပါသွားကြလို့ပါပဲ။ ကိုယ့်ဘာသာထဲကိုတော့ တစ်ရာမှာ တစ်ယောက်တောင် ပါမလာပါဘူး။                                                                                                            လူမျိုးခြား ဘာသာခြားနဲ့ ညားလို့ လူမျိုးခြားစိတ်ဓာတ်၊ ဘာသာခြား စိတ်ဓာတ်၊ ပေါက်သွားပြီဆိုရင် မွေးလာတဲ့ ကလေးကအစ ဘာမှစွဲဆောင်စရာ မလိုတော့ဘဲ သူ့အ လိုလို လူမျိုးခြား ဘာသာခြား ဖြစ်သွား တော့ပါပဲ။....... စိတ်ဓာတ် ကအစ မြန်မာ စိတ်ဓာတ် မရှိတော့ ပါဘူး။ တစ်ယောက် က ဝမ်းနဲ့ လွယ်ပြီး မွေးပေး လိုက်တဲ့ ကလေးဟာ မြန်မာ စိတ်ဓာတ် မရှိဘူး ဆိုရင် လူမျိုး လည်းရှုံး၊ ဘာသာလည်း ဆုံးတော့ တဲ့ အတွက် မြန်မာ တစ်မျိုး သားလုံး အတွက် တော်တော် ကိုပဲ နစ်နာ လွန်းလှ ပါတယ်။ ရင်နာ စရာလည်း ကောင်း ပါတယ်။ မြန်မာ လူမျိုး ဆိုတဲ့ အဆီကိုလည်းစားတယ်။ ဗုဒ္ဓဘာသာဆိုတဲ့ အသားကိုလည်း မျိုတယ်ဆိုတာ ဒါမျိုးပြော တာဖြစ်ပါ တယ်။ လူမျိုးခြား ဘာသာခြားတွေက မြန်မာအမျိုးသမီးတွေကို ဟင်းရွတ်ကန်ဇွန်းလို ဈေးပေါပေါနဲ့ ရအောင် ယူကြပေ မယ့် သူတို့ ရင် မှဖြစ်တဲ့ သမီး ပျိုလေး များကိုတော့ စိန်ကောင်း ကျောက်ကောင်း တွေ အလား သိုသို သိပ်သိပ်နဲ့ သိမ်းထား ကြပါ တယ်။ နောက်ပြီး လူမျိုးခြား၊ ဘာသာခြား တွေဟာ သူတို့သွေး သားစစ်စစ် မဟုတ်တဲ့ ကပြား အမျိုး သမီးကို မြန်မာ အမျိုး သားက ယူရင်တောင် အသည်းကို လှန်စွပ်နဲ့ ထိုးသ လို နာတတ်ကြ ပါတယ်။                                                                                                                                                             
           ဒါကြောင့်မို့ သူတို့ သမီးပျို တွေနဲ့ မြန်မာ အမျိုး သားတွေနဲ့ ထိတွေ့ခွင့်၊ နီးစပ်ခွင့်၊ ချစ်ကြိုက်ခွင့် မရှိကြ ရအောင် အမျိုးမျိုး ချုပ် ကိုင်ပြီး အိမ်တွင်း ပုန်းခိုင်း ထားကြ ပါတယ်။ အကြောင်း ကိစ္စ ရှိလို့ အပြင်ကို မဖြစ် မနေ ထွက်ရမယ် ဆိုရင်လည်း လုံခြုံမှု ရှိအောင် အပြည့် အဝ အကာ အကွယ် ယူထား ကြ ပါ တယ်။ ဒါကြောင့်မို့ မြန်မာ အမျိုး သားတွေ အေ နနဲ့ လူမျိုးခြား ဘာသာခြား အမျိုး သမီး စစ်စစ် တစ်ယောက် ကို ရအောင်ယူ ဖို့အပထား၊ မြန်မာမ နဲ့ ရတဲ့ ကပြား အမျိုး သမီး ကိုတောင် ရအောင် ယူဖို့ ခဲယဉ်း လှပါတယ်။ ဘယ်လောက် ထိ ခဲယဉ်း လဲဆိုရင် ကိုယ့်ဘက်က မြန်မာ အမျိုး သမီး အယောက် (၁၀၀၀) ပေးလိုက်ရမှ သူတို့ ဘက်က အမျိုး သမီး တစ်ယောက်လေး ကိုတောင် ယူဖို့မ လွယ်ကူ နိုင်လောက်အောင် ထိ ခဲယဉ်း လှပါတယ်။
           ဒီ လိုပြော လို့ သူတို့ ကို အပြစ် တင်နေ တာမ ဟုတ် ပါဘူး။ မြန်မာ လူမျိုးတွေ အတု ယူဖို့၊ သင်ခန်း စာယူဖို့၊ သတိထားဆင်ခြင်ဖို့ ပြောနေတာဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ အဖူးအညွှန့်ဖြစ်တဲ့ အမျိုး သမီးတွေ ကို နှမြော တတ်၊ တွန့်တိုတတ်၊ တန်ဖိုးထားတတ်ရင်၊ မြန်မာလူမျိုးတွေကလည်း မြန်မာ လူမျိုး တို့ရဲ့ အညွှန့် အဖူး ဖြစ်တဲ့ မြန်မာအမျိုးသမီးတွေကို နှမြောတတ်၊ တွန့်တိုတတ်၊ တန်ဖိုးထားတတ်ဖို့ လိုပါ တယ်။ ဒါဟာ တရားသော နည်းလမ်းပဲဖြစ်ပါတယ်။ လူမျိုးခြား ဘာသာခြားတွေဟာ သူတို့ အမျိုး သမီးတွေ ကို သူတို့ လူမျိုး၊ သူတို့ဘာသာ၊ လူဦးရေတိုးတက်များပြားဖို့အတွက် ဘယ်လောက်အထိ အရေးပါ အရာ ရောက် တယ် ဆိုတာ ကောင်းကောင်းကြီး နားလည် သဘောပေါက် ထားကြပါ တယ်။ နောက်ပြီး မြန်မာ တစ်မျိုး သားလုံး ကို လူလူချင်းချင်း ဝါးမြိုပြီး ဖုံလွှမ်း ပစ်ဖို့ အတွက် အမျိုး သမီး များဟာ မဟာ လက်နက်ကြီး သဖွယ် ဆိုတာလည်း သိထားကြပါတယ်။ ဒါကြောင့်မို့ သူတို့ အမျိုးသမီးတွေကို လုံခြုံအောင် ချုပ် ချယ်ပြီး မြန်မာ အမျိုး သမီးတွေ ကိုတော့ ရသလောက် သိမ်း ပိုက်ကြ ပါတယ်။
            ဒီလိုမြန်မာ အမျိုး သမီးတွေ ကို ရအောင် ယူခြင်း အားဖြင့် မြန်မာ လူမျိုး တွေရဲ့ အဖူး အညွှန့်များကို ချိုးနှိမ်ပြီး သား ဖြစ်သ လို သူတို့ လူမျိုးတွေရဲ့ အညွှန့် အဖူးအတွက်လည်း အားဖြည့်ပြီး သားဖြစ်သွား ပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတာ ဒါမျိုးကို ပြောတာဖြစ်ပါတယ်။ မြန်မာလူတွေဟာ ဒီလောက် ကလေးသာ နားလည်သဘောပေါက်ထားမယ်ဆိုရင် မိမိတို့ရဲ့ မြန်မာအမျိုးသမီးများကို တန်ဖိုးထား တတ်လာပါ လိမ့်မယ်။ တန်ဖိုးထားတတ်လာတဲ့အခါ လူမျိုးခြား ဘာသာခြားတွေနဲ့ ညားသွားမှာကိုလည်း နှမြော တတ် လာ ပါ လိမ့်မယ်။ နောက်ပြီး မြန်မာအမျိုးသမီးတွေကိုယ်တိုင်ကလည်း လူမျိုးခြား၊ ဘာသာ ခြားတွေ နဲ့ နီး စပ်ခွင့်၊ ထိတွေ့ခွင့်၊ ချစ်ကြိုက်ခွင့်မရအောင် ကိုယ့်ကိုယ်ကိုကာကွယ်တဲ့အနေနဲ့ ရှောင်တတ် တိမ်းတတ် လာပါ လိမ့်မယ်။ အခုဖြစ်နေတာက အချို့သော ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ မိမိတို့ အနွယ်ဖြစ် တဲ့ ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုး သမီးတွေ ကို အမျိုးသားရေး သတိ၊ ဘာသာရေး အသိတွေနဲ့ အပြည့် အဝ ကာကွယ် ဖို့ နေနေ သာသာ သူတို့ကိုယ်တိုင်ကတောင် လူမျိုးခြား ဘာသာခြားတွေနဲ့ ညားအောင်ကြား က အောင်သွယ်တော် လုပ်ပေး နေကြ တာတွေ ရှိပါတယ်။
        ဒါဟာ ဘာလဲ လို့ ဆိုရင် အမျိုးသားရေး စိတ်ဓာတ်၊ ခေါင်းပါး၊ ဘာသာရေး အသွင် အပြင်ရဲ့ လက္ခဏာတွေ ကို နားမလည်မှု တို့ကြောင့် ဖြစ်ပါတယ်။ အမျိုးသားရေးစိတ်ဓာတ်ပြည့်ဝတဲ့ လူတစ်ယောက်ဟာ အမျိုး ပျက်မဲ့ လုပ်ရပ်တွေ ကို ဘယ်တော့ မှ မလုပ် ပါဘူး။ အောက် တန်းစား စိတ်ဓာတ် ရှိတဲ့လူ၊ စိတ်ပုတ် စိတ်ယုတ် စိတ်ညံ့ရှိကြတဲ့ လူတွေကသာ လုပ်ကြတာပါ။ သားသမီးချင်းကိုယ်ချင်းမစာ၊ နှမသားချင်း ကိုယ်ချင်း မစာ၊ ခွေးလောက်မှ အသိမရှိ၊ အလွန်အောက်တန်းကျလှပါတယ်။ မြတ်စွာဘုရားသာသနာ၊ ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးမျက်နှာမထောက်ထားဘဲ ငွေမျက်နှာတစ်ခုတည်းကိုကြည့်တဲ့ အောက်တန်းကျလှတဲ့ လုပ်ရပ် ပင်ဖြစ် ပါတယ်။ လူကုန်ကူးတာတို့၊ ဘာသာခြားများကို လက်ထပ်စည်းရုံးစေတဲ့ သူများကို ဆို လိုခြင်းဖြစ် ပါတယ်။ ဒီလုပ်ရပ်များဟာ ကိုယ့်ရဲ့မျိုးစေ့ကို ကိုယ်ကိုယ်တိုင်မီးဖုတ်သကဲ့သို့ဖြစ်ပြီး၊ ကိုယ့်ခြံ ထဲပေါက် နေ တဲ့ အညွှန့်တလူလူတက်နေတဲ့ သစ်ပင်ငယ်လေး ကို ကိုယ်ကိုယ်တိုင် ရေနွေးပူ၊ အက်ဆစ်နဲ့ ပတ်ဖျန်းပြီး မျိုး တုန်းအောင်လုပ်ဆောင်ခြင်း ပင်ဖြစ်ပါ တယ်။
      မြန်မာ လူမျိုးတိုင်း အောက် တန်းစား စိတ်ဓာတ်တွေ မထားကြဖို့ တောင်းပန်ချင် ပါတယ်။ အိမ်နောက်ဖေး က မီးလောင် တာ အိမ်ရှေ့ ခန်းနဲ့ ဘာမှမ ဆိုင် သလို၊ အိမ်တိုင် တစ်လုံး ခြပုံး တတ်တာ တစ်အိမ်လုံးနဲ့ ဘာမှမ ဆိုင် သလို မနေစေချင်ပါ။ အိမ်နောက်ဖေးကမီးလောင်တာ ဝိုင်းပြီး မငြိမ်းရင် အိမ်ရှေ့ခန်းရော တစ်အိမ် လုံး ကိုပါ အလောင်ခံရတတ်သလို၊ အိမ်တိုင်တစ်လုံး ခြပိုးစားတာကို ပေါ့ပေါ့ ဆဆနေ လိုက်မယ် ဆိုရင် တစ်အိမ် လုံး အကိုက် ခံ ရမှာသေ ချာပါတယ်။ ငါ ကောင်းစား ရင်ပြီးတာပဲ၊ ကျန်တဲ့သူ ဘာဖြစ်ဖြစ် ဆိုတဲ့ စိတ်ထား မျိုး မထားပါနဲ့။ ကိုယ့်ဘာသာဝင် လူမျိုးတစ်ဦးဦးကို အခြားဘာသာခြားများက စော်ကားမော်ကား ရန်စတာမြင်ရင် ကိုယ်နဲ့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ဝိုင်းဝန်း ကူညီ ရမှာဖြစ်ပါ တယ်။ ငါနဲ့မဆိုင်ပါဘူး။ ငါ့အမျိုးလည်းမဟုတ်ပါဘူးဆိုပြီး လျစ်လျှူမရှုစေချင်ပါ။ ဗုဒ္ဓ ဘာသာဝင် လို့ဆို လိုက် တာ နဲ့ အား လုံးဟာ မိသားစုပမာဖြစ်နေရပါမယ်။ မမေ့ကြပါနဲ့ သတိရှိကြပါ။ မြန်မာလူမျိုးတိုင်း တစ်အိမ် လုံးမီး မလောင် ခင်၊ တစ်အိမ်လုံး ခြပုံးမတတ်ခင် မြန်မြန်ထက်ထက် ကာကွယ်ကြပါတော့ တိုက်တွန်း လိုက်ရ ပါသည်။
စာဖတ်သူ အားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်း သာပြီး လိုရာ ဆန္ဒများ တစ်လုံး တစ်ဝတည်း ပြည့်ဝ ကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Thursday, August 29, 2013

သင့်အတွက်ဝင်မယ့်ဝက်ဆိုက်လေးတွေပါ

This summary is not available. Please click here to view the post.

မိန်းမများအကြောင်းတစ်စေ့တစ်ဆောင်း.

မိန်းကလေးများကို အသက်နဲ့လိုက်ပြီး သတ်မှတ်ကြပုံကတော့

        အသက်(၁၃)နှစ် အရွယ်မှ အသက်(၁၈)နှစ် အရွယ်ထိကို… အပျိုဖြန်း…

        အသက်(၁၈)နှစ်မှ အသက်(၂၅)နှစ်ထိကို… အပျိုစင်

       အဲ… အသက်(၂၅)နှစ်ကျော်ရင်တော့… အပျိုကြီးလို့ သတ်မှတ်လိုက်ကြပါပြီ…

       ပြီးတော့ ရှိပါသေးတယ်…

       အသက်(၁၀)နှစ်ကနေ (၂၀) အတွင်းက အာဖရိကနဲ့တူတယ်

       (စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်… ရှာဖွေစူးစမ်းစရာတွေရှိနေတယ်…

       အသက်(၂၀)ကနေ (၃၀) အတွင်းမှာတော့ အိန္ဒိယနဲ့တူတယ်

       - (တည်ငြိမ်လာတယ်… တိုးတက်နေတယ်… အိနြေ္ဒရှိတယ်… သိမ်မွေ့တယ်…

       - အသက်(၃၀)ကနေ (၄၀) အတွင်းကတော့ အမေရိကားနဲ့တူတယ်…

       - (အတတ်ပညာနဲ့ ပြည့်စုံတယ်…

       - အသက်(၄၀)ကနေ (၅၀)အတွင်းကတော့ ဥရောပနဲ့တူတယ်…

       - (နှစ်လိုဖွယ်ရာ သိပ်မရှိတော့ဘူး… ဟန်ပဲရှိတော့တယ်…)

       - နောက်ဆုံး အသက်(၅၀)ကျော်သွားရင်တော့ ဆိုက်ဘေးရီးယားနဲ့တူတယ်…

       - (၄င်းရှိတာကို သိပေမယ့်လည်း… ဘယ်သူမှ မသွားချင်ကြဘူး…)



       မိန်းကလေးများဟာ… အသက်(၂၅)နားနီးလာပြီဆိုရင်… အသက်(၂၅)ကို
ဖြတ်ကျော်ပြီဆိုရင်… အပျိုကြီးလုပ်ဖို့ ရည်ရွယ်သည်ဖြစ်စေ…

မရည်ရွယ်ဘူးဖြစ်စေ… "အပျိုကြီး" လို့ ခေါ်တာကိုတော့ လုံးဝမကြိုက်ကြပါဘူး…

       တစ်စုံတစ်ယောက်က ခေါ်လိုက်မိတဲ့အခါ ပြန်ပြောလေ့ရှိတဲ့စကားတွေကတော့…

       - "ငါ တကယ်အပျိုကြီးဖြစ်နေပြီလား" (စိတ်ထဲက ပြန်ပြောတာ…)

       - "ငါ အသက်မကြီးသေးဘူး ထင်တာပဲ…" (မှန်ကြည့်ပြီး ပြောတတ်သောစကား…)

       - "ငါ့ အလှကမှ ရင့်ကျက်တဲ့ အလှ…" (ဆယ်ကျော်သက်များက အပျိုကြီးဟု
ခေါ်သောအခါ တုံ့ပြန်ပုံ…

       - "ငါက သူ့ထက်တောင် နုပါသေးတယ်…" (သူမထက် နှစ်နှစ်၊
သုံးနှစ်ငယ်သူများ၏ ခေါ်သံကို ကြားရသော အခါ တွေးတောပုံ…)

       - "ငါက မဖြစ်သေးပါဘူး… သူတို့ကသာ အရိုးဆွေးနေကြပြီ…" (သူမ၏စီနီယာ
အပျိုကြီး လူပျိုကြီးများက ခေါ်သည်ကို ကြားရသောအခါ ဆင်ခြင်ပုံ…)

       အသက်(၂၅)ကျော်လာပြီး လက်ဆုပ်လက်ကိုင် မရှိသေးသူများကို
အပျိုကြီးလို့ ပြောမိရင်တော့…

       - "ငါက စွံရဲ့သားနဲ့ အပျိုကြီးလုပ်မှာ…"

       - "ငါက သဘောကျတဲ့ လူမတွေ့သေးလို့ပါ… တွေ့ရင်တော့… စဉ်းစားမှာပေါ့…"

       - "သူများတွေ မင်္ဂလာမဆောင်ခင်မှာ ငါ့ဖိတ်စာရောက်လာစေရမယ်…"

       - "ငါက မစွံပါဘူး… စွံတဲ့သူတွေက ပြောအားရှိတာပေါ့…"

       - "ငါက တော်လို့ ငါ့ကို ကြောက်ပြီး… ဘယ်သူမှ… မလိုက်ရဲတာ…"

       - "ပိင်္ဂုတ္တရလုလင်တွေက ဥဒုမ္ဗရဒေဝီနားကို မကပ်နိုင်ကြတာပါ…"

       - "ပုရိသတွေကို ကြွေအောင်လုပ်ဖို့… ရူပါမလိုပါဘူး… ဗျူဟာပဲလိုတယ်…"

       - "ငါက ဘာမှကြိုးစားစရာမလိုဘူး… အိမ်က စီစဉ်ပေးလိမ့်မယ်…"

       - "ငါ့အတွက်ဆိုရင် အကူအညီပေးမယ့် ပုရိသတွေများ တန်းစီနေတာပဲ…"

       - "မလိုချင်လို့ပါ… လိုချင်ရင် ခေါင်းခေါက်ပြီးတောင် ယူလို့ရတယ်…"

       - "ပုရိသတွေကို စိတ်မရှည်လို့ အပျိုကြီးလုပ်နေတာ…"

       - "ဘာမှမဟုတ်တဲ့အချစ်နောက်လိုက်မေ


နနဲ့ အချစ်ဆိုတာ ဘာမှမဟုတ်ဘူး…"

       - "အပိုအလုပ်တွေမလုပ်ချင်လို့ပါ… တစ်ယောက်တည်းနေတာအေးချမ်းတယ်"                   
       (တစ်ချို.ကတော့ ဘာမှပြန်မပြောပါဘူး… ပြုံးနေပါတယ်… တစ်ချို.ကတော့
မဲ့ပြုံးပြုံးပါတယ်… တစ်ချို.ကတော့ ခါးသီးစွာ မဲ့ပါတယ်… တစ်ချို.ကတော့

တည်တည်ကြီးတုံ့ပြန်ပါတယ်
       မိန်းကလေးတွေက သူမတို့ရဲ့ နုပျိုနေတဲ့ အချိန်တွေကို
အလွန်နှမြောကြပါတယ်… အမှန်တရားကိုလည်း လက်မခံနိုင်ကြတဲ့အတွက်
ခေတ်ပေါ်Cosmetics များရဲ့ အကူအညီရဲ့ နုပျိုခြင်းကို

အချိန်ဆွဲ… ဇရာကို ကျားကန်ထားတတ်ကြပါတယ်… "ဣတ္ထိရူပံ ဓနံ"… ဆိုတော့လည်း…

ပြောရခက်သားပဲလေ…
       နောက်တစ်ခုက အပျိုကြီးများ စွံတဲ့အခါ ဖြစ်လေ့ရှိတာတွေက

       -သူမတို့ရဲ့ ရည်းစားကို အရမ်းချစ်မြတ်နိုးကြပါတယ်…
       (လသားကလေးလက်ထဲကို အရုပ်ကလေးထည့်ထားပြီး ပြန်ယူတဲ့အခါ
လုံးဝလွှတ်မပေးတော့ပဲ အတင်းအကျပ်ကိုင်ထား သလိုမျိုးပါ…)

       -သဝန်လည်း အင်မတန်တိုတတ်ပါတယ်…
       -မိန်းကလေး ငယ်ငယ်လေးတွေနဲ့ သူမရဲ့ရည်းစား စကားပြောတာကိုလည်း
မနှစ်လိုပါဘူး…
     (ကောင်မလေးတွေက ငယ်ပေမယ့် မခေဘူး…ပဲကလည်းများ… အသံကလည်း ခရာတာတာ
ညုတုတုနဲ့လို့ တွေးနေတတ်ပါတယ်…)

       -သူမကိုယ်တိုင်ကလည်း အသံတွေပြောင်းလဲသွားတတ်ပါသေးတယ်

       -တစ်ခြားလူကို ပြောတဲ့ အသံနဲ့ ရည်းစားကို ပြောတဲ့ အသံ
နူးညံ့မှုနဲ့ အီစီကလီဖြစ်မှု အဆတစ်ရာလောက်ကွာ ခြားပါတယ်…

       -သူမတို့ရဲ့ ရည်းစားကို အခြားလူများက အကူအညီတောင်းမိရင်
အင်တင်တင်နဲ့ သဘောမတူသလို လုပ်တတ်ပါသေးတယ်

       အထက်ပါ အချက်တွေက အပျိုကြီးတွေမှာသာ မဟုတ်ပါဘူး… မိန်းကလေး
တော်တော်များများမှာ ရှိတတ်တဲ့ အချက်တွေပါပဲ…
       မိတ်ဆွေ… အပျိုကြီးနဲ့များ ကြိုက်မိလျှင်တော့ သင်သတိထားလော့

ပအိုဝ်းMP3တရားတော်

ဗွေ;ဗွန်သီ;သဲင်;ဟော်,


ပိုမွိုက်တွမ်းပိုလိမ္မား
    ပိုမွိုက်တွမ်းပိုလိမ္မား(၁)
   ပိုမွိုက်တွမ်းပိုလိမ္မား(၂)
  • ပိုမွိုက်တွမ်းပိုလိမ္မား(၃)
  • ပိုမွိုက်တွမ်းပိုလိမ္မား(၄)
  • ပိုမွိုက်တွမ်းပိုလိမ္မား(၅)
  • ပိုမွိုက်တွမ်းပိုလိမ္မား(၆)
  • ပိုမွိုက်တွမ်းပိုလိမ္မား(၇)
  • ပိုမွိုက်တွမ်းပိုလိမ္မား(၈) 
  •  ဝွေသီးကေးနပ်တောဝ်းဘုရာ
  •  ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၇)

  •    ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၆)

  • ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၅)
  • ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၄)
  • ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၃)
  • ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ,(၂)
  • ဝွေသီးကေးနပ်တောဝ်းဗွေ;ဘုရာ(၂)
  • ဝွေ,သီးကေ;နပ်တောဝ်းဗွေ;ဘုရာ,(၁)

  • အခွေ(၁) ဓမ္မသဘင်များတွင် ဟောကြားတော်မူသော တရားတော်များ

    ၁။ ဗုဒ္ဓရတနာ့ဂုဏ်ရည် (၁) Download
    ၂။ ဗုဒ္ဓရတနာ့ဂုဏ်ရည် (၂) Download
    ၃။ ဗုဒ္ဓရတနာ့ဂုဏ်ရည် (၃) Download
    ၄။ ဗုဒ္ဓရတနာ့ဂုဏ်ရည် (၄) Download
    ၅။ ဗုဒ္ဓရတနာ့ဂုဏ်ရည် (၅) Download
    ၆။ ဗုဒ္ဓရတနာ့ဂုဏ်ရည် (၆) Download
    ၇။ ဗုဒ္ဓရတနာ့ဂုဏ်ရည် (၇) Download
    ၈။ ဗုဒ္ဓဓမ္မအကျဉ်းချုပ် Download
    ၉။ ဒုလ’ဘတရားငါးပါး Download
    ၁၀။ အာယုဒီဃကောင်းမှု Download
    ၁၁။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၁) Download
    ၁၂။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၂) Download
    ၁၃။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၃) Download
    ၁၄။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၄) Download
    ၁၅။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၅) Download
    ၁၆။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၆) Download
    ၁၇။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၇) Download
    ၁၈။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၈) Download
    ၁၉။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၉) Download
    ၂၀။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၁၀) Download

    အခွေ(၂) ဓမ္မသဘင်များတွင် ဟောကြားတော်မူသော တရားတော်များ

    ၁။ သာသနာကွယ်ကြောင်းတရားပေါင်း Download
    ၂။ ကောင်းမှုလေးမျိုး Download
    ၃။ ၀ိဟာရအနုမောဒနာ Download
    ၄။ သစ္စာလေးပါး Download
    ၅။ လောက၏သဘော Download
    ၆။ မေတ္တာတရား Download
    ၇။ မြတ်ဘုရားရွှေတိဂုံ Download
    ၈။ ချမ်းသာသုခတရားလေးပါး Download
    ၉။ လောကသုတ္တန် Download
    ၁၀။ ဗောဓိပူဇာ Download
    ၁၁။ အာနာပါနသတိပဌာန် Download
    ၁၂။ ဒါနအနုမောဒနာ Download
    ၁၃။ နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ Download
    ၁၄။ ဝေလာမသုတ် Download
    ၁၅။ သုခလေးပါး Download
    ၁၆။ မဏိတသာမဏေ Download
    ၁၇။ သုဒ္ဓတသုတ္တန် Download

    အခွေ(၁) အခြေခံဗုဒ္ဓဘာသာသင်တန်း တရားတော်များ

    ၁။ သင်တန်းမိတ်ဆက် Download
    ၂။ ရတနာသုံးပါး Download
    ၃။ ဘုရားရတနာ အပိုင်း(၁) Download
    ၄။ ဘုရားရတနာ အပိုင်း(၂) Download
    ၅။ တရားရတနာ Download
    ၆။ သံဃာ့ရတနာ Download
    ၇။ သစ္စာလေးပါး Download
    ၈။ မဂ္ဂင်ရှစ်ပါး အပိုင်း(၁) Download
    ၉။ မဂ္ဂင်ရှစ်ပါး အပိုင်း(၂) Download
    ၁၀။ ကံနှင့်ကံ၏အကျိုး အပိုင်း(၁) Download
    ၁၁။ ကံနှင့်ကံ၏အကျိုး အပိုင်း(၂) Download
    ၁၂။ ကံနှင့်ကံ၏အကျိုး အပိုင်း(၃) Download
    ၁၃။ ကံနှင့်ကံ၏အကျိုး အပိုင်း(၄) Download
    ၁၄။ ဘ၀ဟောင်း ဘ၀သစ် အပိုင်း(၁) Download
    ၁၅။ ဘ၀ဟောင်း ဘ၀သစ် အပိုင်း(၂) Download
    ၁၆။ ပဋိစသမုပ္ပါဒ် အပိုင်း(၁) Download
    ၁၇။ ပဋိစသမုပ္ပါဒ် အပိုင်း(၂) Download
    ၁၈။ ကန်တော့ပုံနှင့်ငါးပါးသီလ အပိုင်း(၁) Download
    ၁၉။ ကန်တော့ပုံနှင့်ငါးပါးသီလ အပိုင်း(၂) Download
    ၂၀။ ငါးပါး ရှစ်ပါး ကိုးပါးသီလ အပိုင်း(၁) Download
    ၂၁။ ငါးပါး ရှစ်ပါး ကိုးပါးသီလ အပိုင်း(၂) Download
    ၂၂။ ဘုရားအနေကဇာတင်ခြင်း Download
    ၂၃။ ပရိတ်ကြီးအကြောင်းသိကောင်းစရာ အပိုင်း(၁) Download
    ၂၄။ ပရိတ်ကြီးအကြောင်းသိကောင်းစရာ အပိုင်း(၂) Download
    ၂၅။ ပရိတ်ကြီးအကြောင်းသိကောင်းစရာ အပိုင်း(၃) Download
    ၂၆။ ပရိတ်ကြီးအကြောင်းသိကောင်းစရာ အပိုင်း(၄) Download
    ၂၇။ ၀ိပဿနာမူသေနည်း Download မိဘမေတ္တာတရားောတ်များ ၁။ မိဘများကသားသမီးအပေါ်မျှော်လင့်ချက် - သီတဂူဆရာတော် Download
    ၂။ မိဘကျေဇူးဆပ်နန္ဒိယမျောက်မင်းဇာတ်တော် - အရှင်ကုသလ Download
    ၃။ ကိသာဂေါတမီ(၁) - မြစင်္ကြာဆရာတော် Download
    ၄။ ကိသာဂေါတမီ(၂) - မြစင်္ကြာဆရာတော် Download
    ၅။ မိဘကျေးဇူးအသက်ပေး၍ဆပ်သူ - ဖြူးဆရာတော် Download
    ၆။ မိဘကျေးဇူးဆပ်ပြီးပြီလား - တွံတေးဆရာတော် Download
    ၇။ သပ္ပူရိသသုတ္တန်(၁) - မြစင်္ကြာဆရာတော် Download
    ၈။ သပ္ပူရိသသုတ္တန်(၂) - မြစင်္ကြာဆရာတော်Download
    ၉။ အမေ့ကျေးဇူးမကြေငါမသေ(၁) - ဖြူးဆရာတော် Download
    ၁၀။ အမေ့ကျေးဇူးမကြေငါမသေ(၂) - ဖြူးဆရာတော် Download
    ၁၁။ မိဘကျေးဇူးတရားတော် - တောင်တန်းသာသနာပြုဦးဥတ္တမသာရ Download
    ၁၂။ မိဘထံမှအေ<ကးအရင်ပေးဖို့ကြိုးစားပါ - ပဲခူးဆရာတော် Download
    ၁၃။ သီတာရေလားဆန်ရေလား - ပဲခူးဆရာတော် Download
    ၁၄။ အမေများအတွက်တရားတစ်ပုဒ် - မေတ္တာအေးဆရာတော် Download
    ၁၅။ မိဘမေတ္တာသားလိမ္မာ - မေတ္တာအေးဆရာတော် Download
    ၁၆။ မိဘပြတ်မှားအပ္ပါယ်သွား - ဦဇ၀န(မိုးကုတ်) Download
    ၁၇။ မိဘကျေးဇူးအထူးသိတတ်သားကောင်းသမီးမြတ်- ဦးဇ၀န(မိုးကုတ်) Download
    ၁၈။ ကျေးဇူးဆပ်ကျမိနှင့်ဖ - ဦးဇ၀န(မိုးကုတ်) Download

    Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လိုကာကွယ်ထိန်းသိမ်းကြမလဲ.

    ကွန်ပျူတာ ကို တနေကုန်ကြည့်တဲ့သူတွေ မျက်စိအတွက် ဘယ်လို လေ့ကျင့်ခန်း

    လုပ်သင့်လဲ ဆိုတာ အရှေ့ပိုင်းမှာ.ခဏခဏ ဆိုသလို တင်ပြ ထားတာ တွေ့နေပါတယ်..
    ဒါပေမဲ့ မေ့လောက်တဲ့ အချိန် ပြန်တင်ပေးတာပါ.. တချို့တွေက နေ့တိုင်း အဲဒီ့
    အချက်လေးတွေ လိုက် နာကြသလို .. တချို့တွေက ဒီစာကို တွေ့လိုက်မှ ရှောင်ရန်
    လေးတွေကို ပြန်သတိရမိတော့တယ်..ကွန်ပျူတာေ


    ရှ့မှာ တနေကုန် အလုပ်လုပ်
    နေရတော့လဲ  မျက်ရိုးတွေ ကိုက်နေပြီ..
    နေရာ မှန်ပါစေ

    သင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာမှန်ထားတက်ဖို.
    အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ
    သင့်ရဲ့လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။

    အလင်းရောင်

    သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen
    မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen
    အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။

    မျက်မှန်

    Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော
    အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က
    သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective
    Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။

     မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀

    ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို
    ခဏဘေးကိုလှည့်ပြီး ပေ၂၀လောက်ဝေးတဲ့အရာတခုခုကို ကြည့်ကြည့်ပေးပါ။
    ဒီနည်းလမ်း ဟာသင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။
    နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့်
    မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း
    ၂၀ လောက်လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်ပါစေ။

    မျက်စဉ်း ခတ်ပေးပါ

    လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။
    ဒါပေမယ့် ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို
    သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။
    ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။



    လက်ဖဝါးအုပ်ခြင်း

    ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ
    ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို
    ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း
    ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖဝါးမှ လာသော နွေးထွေးမူသည်
    သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။
    မျက်နှာသစ်ခြင်း
    အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန်
    လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။

     လက်ဖက်ခြောက် အထုပ်သောက်ပြီး သား လက်ဖက်ခြောက် အထုပ်ကလေး များကို လွင့်မပစ်ပဲ
    ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ်
    ၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ
    စေပါသည်။
    အစားအသောက်ဗီတာမင် A, C, E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊
    ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။

    မျက်စိရောဂါ ကင်းဝေးကြပါစေ။
     
    မူရင်လင့်..>>> လေဗွာခမ်း<<< မှကူးယူဖော်ပြပါသည်....

    သုဝဏ္ဏပကာသာနီကျမ်(ပအိုဝ်;)

    ပီ;ယဒသီးဗွေဘုရာ ငေါဝ်းပညတ်မိန်တော်;ပအိုဝ်းခမ်းသထုံး                                                               
         ရွေးထုံးရားဇားဝင်း၊ ထေထန်းဖောခြာ၊ စခါဇာတ်လောင်,၊ ခွန်လောင်ရားဇား၊ ယံဖေးနားလည်၊အဓီပါယ်းပအိုဝ်းသွူ ၊ မွိုးဖါအငေါဝ်း၊ ဗွေးစောဝ်းဘုရာ၊ ၀ါးစားမုခပါဋ္ဌ်၊ ပျောလတ်မိန့်ဟ၊ မော့နောဝ်စခါ၊ ပီးယဒသီး နီဗွေးဘုရာ ၊ မျတ်စွာအစိုး ၊ ၀ါးတေားထင်းလနီဆီနွတ်ဝါး၊ ယံတွင်ကားလ ၊
    ရားဇဋ္ဌားနီး ကပီးလ၀တ် ၊ ခမ်းမျတ်ဟွန်တင် ၊ သတင်,သွုံထွူမ ၊ န၀်ခါကျွတော်; ၊ သာဝတ္ထိခမ်း ၊ အုံစွူသပါယ်း
    တင်းတယ်းလျောက်ပတ် ၊ ကယ်းချွစ် လိုလူ ၊ မူးခိုလောက၊ ညမိုင်နောဝ်ရာ၊ ၀သ၁၀ါးတော်း လဖျော်နီဆီ၊ လွိုဆကီငတ်ဝါး ၊ ၀ိးဟားဝေဠု ၊ ဥတုလဲုင်းပြောင် ၊ ကိန်အောင်ထင်းယောဝ်း၊ န၀,်မကျွစွူ, ၊ ခမ်းဖူသုဝဏ ၊
     ဋ္ဌားနထာခြာ၊ အရပ်လိုယေင် ၊ ဟိမ္မ၀န္တား ၊ ကောင်ခါးကောင်ဒွီုန် ၊မိန်းတော်းဝါးစား၊  ဟော်ခါမိန်ဖွတ်၊ အရပ်ယိုကို ၊ မီးတွီုးဆဲုင်ချာ ၊ အီးထွာဒုံဝေိင်၊ ဧကန်းမုချ ၊တလွစ်လဒွုမ်တောဝ်း ၊  န၀်မရဟန္တား ၊ ၀ါးစားလျောက်လ၀်း ၊   သြစ၀်းသြဗွေး ၊ တပည့်ပေးမဉ်သေ ၊ ဟော်ထေဖေးဖန်း၊  သွဉ်းသီးတင်းလဲုင် ၊
    မဲုင်ခါ အီးထွာ င၀်းငွါတောင်ပြန်း ၊ ဘုရာရှင်းဗွေး ၊ ဟော်ဖေးမိန်ဟ ၊ ကားလနောဝ်ခါ ကမ္ဘား ဘဒ်ဒ ကပ် ၊ ဗွန်မျတ်ငတ်ဆူး  ၊     ငတ်ထွူသင်္ကန်း ၊ မဉ်းပွင်,ကားလ၊  ဗုဒ်ဓ ကောသန်း ၊ အီးသ်ွဓမ္မနာ; ၊  ကေ;သာ; ဆန်းတော်း(ကလူ,) တော်; ၊ ဂေါးဏားဂုဏ်း ဘုရာ, အီးဓမ္မနာ;သေ , ၊ တောင်းဝွေခံတလီး ၊ မီးတွီုးကသ၁ပ ၊ သမ်ဗုဒ်ဓ ဘုရာ ၊ အီးသွင်ဓမ္မနား ၊ သတ္တ၀ါးအရင် ,၊ သွင်သေသပိတ်၊  တံးဆိတ်ကမ္ဘား ၊ အီးကို,ကွယ်းဗားနောအီးကောစေးတီး ၊ တင်းထီဟွဲးဟိန်း၊ တိန်ယိန်ဒွုမ်တောဝ်း ၊ နောဝ်ခါရဟန္တား၊ စူစေးအရံး၊ တောင်ပြန်းလျောက်လောဝ်း၊ သြစ၀်းသြဗွေး ၊ ခွေသွဉ်းမဉ်သေ ၊ မဉ်းထွာဒုံဝေိင် ၊ ကောထိန်,ကေားထွား ၊ အီးထွာခွန်  တန်ရားဇားမင်ကီ လိုမျိုနောဝ်ခါ ၊ အီးထွာလိုမျို ၊   စိုးပဲင်းခမ်းထီ ၊   ဘားသားလိုမျို ၊ ကရိုနောဝ်ရာ ၊ တရတစ်ပါ၊ တရျာတစွိုး လိုအမျိုမဲုင်၊ အီးထွာဟော်ခံ, ၊ အုပ်ခမ်းထီ ၊ အုပ်စိုးနီုင်းငံး၊ ယံဖေးနီဗွေး ၊ ဝေးနေယျ ၊အဖါ ၊  င၀်းငွါမိန်တော်း ဟော်ထန်းဖေးသြ ၊ န၀်မဗွေးဘုရာ ၊၀ါးစားငေါဝ်းခါ ၊ အွိုးနော.... ရဟန္တား ခစ်သားဖူးခို ၊ လိုမျိုနောဝ်ကောင်း ၊ အလော်းမဉ်းသေ ၊ ခွေဘုရာ အီးဟော်ဖေး ၊ ခွန်မျို နေနတ် ၊ သူဆီသူမျို အခွိုအနွယ်း ၊ ပအိုဝ်းမျို ကောင်း ၊ ဗွေးစောဝ်းဘုရာ ၊ ပီးယဒသ၁ီး ၊ ဗျာဒိတ် ငါသေ, ၊ ထဲစ်အွိုးနော, ကား ၊ ကမ္ဘား ဖြုံးမီးနပ် ။ ဘဒ်ဒ ကပ်ယို မာ,ကီ ၊ တရျာ,  တဆီသွစ်, ၊ကမ္ဘားညလဲဉ်းဒါး တခွိုင်းနောဝ်၊ ကွီုနဲ တင်းလဲုင်သီး ယာ တံဖုံးတဖင်း အားလုံးခွန်နင်သီးဟွေးးးး...........။


    ကိုကားလိတ်မဲ့င် (သုဝဏ်ဏပကာသားနီကျမ်တွမ်း သာသနဗဟုသုသ၁ကျမ်)
    အ၀်းကဲုင် အာဒွိုန်းကနော )  ဗွေးစ၀်းဘုရာ အတ္တဒသ၁ီ; ပညတ်မိန်တေား အီးတဲမ်းဒင်းဖေးယင်းနော.....
    အတ္တဒသ၁ီးဗွေးဘုရာပညတ်တေား
ုအောဝ်းကဲုင်ခြာက၊ အတ္တဒသီး ၊ နီဗွေးဘုရာ၊ မျတ်စွာလက်ထက်၊ ချစ်ရက်သတ္တ၀ါး၊ သာဝတ္ထိခမ်းတန်၊ သတင်သုံအုံအောဝ်း ၊ တွင်နောဝ်ကားလ၊ ၀သ၁၀ါးတေား၊ အုံပျော်းထင်းဗွေ၊ သွစ်ဆီနွတ်ဝါး၊ တွမ်းသင်္ဃားအာ၊ ကျွကာသဲင်စူ၊ ခမ်းဖူသုဝဏ်ဏ ၊ စတွမ်းရဟန္တား၊ သားယားဖျော်စူ၊ ခမ်းဖူဒေးသ၊ သုဝဏ်ဏဘုမ္မိ၊ သမ်းထီးစွဉ်းမား၊ထာသားယူးဝီ၊ နီဒူနီဗား ၊သွားပွီမာလမ်း ထာခြာတန်အဖူ၊ သူးယဉ်အရပ် ၊ မအုံလပ်ဒို့ဟမ်း၊ ၀င်နီမာဝါ၊ ထာခြာဖူကို၊ ယိုမဗွေးဘုရာ၊ အတ္တဒသီးထင်းထီးယူဝီ ၊နီဒူမာဝါ၊ သွားပွီမာ,လမ်း၊ ယူးဝီလဲ့ခါ၊ ထီးဆွုမ်းဘုရာ၊ ကျွကလွဉ်စူ၊ ဇော်ဖျူသဓ္ဒါး၊စေးတနားလှူးတန်၊ သွမ်ပန်းသြဇား၊ ဒါးတဗ်ဗ၀တ္ထု ၊ယိုလဲ့ငထောဝ်း၊ ဗွေးစောဝ်းဘုရာ၊ ကျွကာလွဉ်ဖြ၊ န၀်မယူးဝီ၊ နီဗားနီဒူ၊ ယူးနန်းသကို ၊ခွေယိုတွမ်းနာ၊ထာလီပန်လင်၊ ကံးရင်ကုသိုလ်း၊ အကျိုအောဝ်းမ၊ သမ်ဗုဒ်ဓဘုရာ၊ထီးဗားကွိုတောဝ်း၊ သာမညကောင်းနီ။ နင်းဟွူလွူးဗား၊ဒါးနကုသိုလ်း၊ အမျိုမဲုင်နဲ၊ ရဲးအီဖေးရန်း၊ နောဝ်မဝွေသီး၊စိတ်ကူယူးလ၊ ဒါးနပလ္လင်း၊ဗစ်ထင်းဟံအေး၊ ရေးမှတ်ပလ္လင်းခံ၊လုံးပင်ဗစ်ထင်း၊ တင်းတယ်းလပ၊ န၀်မထွးအဲင်း၊အီးသဲင်မီးတွမ်၊ အစော့အလား၊ကျိုစာအွဉ်ဒါး၊ သေးချားထွူဟောဝ်၊ နောဝ်မ၀ဲုင်းလောဝ်း၊ဗွေးစောဝ်းဘုရာ၊ သြစ၀်းသြဗွေး၊ ခွေသွဉ်းဒါးန၊ရားဇပလ္လင်း၊ မီဟွမ်အလား၊ ယံဇေးဗွေးစ၀်း၊အုံအောဝ်းတယ်းသော့၊မီစော့လားဟွမ် ၊ အုံအင်းနင်းစူ၊ ဘုံထွူဗွေးသြ၊ န၀်မဗွေးဘုရာ။ကျွှကာနန်းအုံ၊ ယွယုံသားယား၊ သေးချားတင်းတယ်း၊ သပါယ်းလျောက်ပတ် ၊ နေရပ်သုံဆောင်း၊ န၀်မယူးဝီ ၊ မြဴးထီးနီဗား၊ပတၱနားကြီဆု၊ သဗ္ဗင္ညဳ ဒီြဳငါ၊ ဖြောင်းခါလဲ့ဆုတောင်၊ဟောင်ရိုဗွေးဘုရာ၊ဗျာဒိတ်သေဖေး၊ ယူးဝီပေးနီဗား၊ သီတမာဝါ၊ ဋ္ဌားနရပ်ယို၊ ဘုန်ထိုမဟား၊ရားဇားဥက္ကဋ္ဌ ရားဇားထက်ရားဇား၊အီးထွာဗားအမှန်း၊ ဧကန်းမုချ၊ ဘ၀နမ်းတငါ၊ ကမ္ဘားဘဒ်ဒကပ်၊ ဗွန်မျတ်ငတ်ပါ၊ ဘုရာငတ်ဆူး၊ ဘုန်ထူမျတ်စွာ၊ သီအီးထွာဗား။ ဒါးယကားနော၊ တကားးတော်းယူဝီ၊ နန်ထီပိုင်းနင်း၊ ဟော်ဟမ်းစိုးစံး၊ ပလင်းခံထီဗွာ၊ တလွယ်သားဒွုမ်ဗွေးစောဝ်းဘုရာသွံပါဘုန်ထူ၊သွံဆူးအချာ။နမ်းငါကားလ၊ ဂေါတမအစိုး၊ ရပ်ယိုပန်းဝေိင်၊ လိုကွိုန်လိုဗွေ၊ စေးတီးမွေးဓာတ်၊ ပိဋက်အီးပေါး၊ဟော်ထာဟောခံ၊ ခါလဲ့အီးဆွို့၊ တကားယူးဝီ၊ မွူးထီးနီဒူ၊ ပရူးထွာဗား၊ရားဇားဟော်ခံ၊ ခမ်းမဉ်သုဝဏ်ဏ၊ ရားဇထွာဗွေးနားမေးမဉ်ရာ။သုရိစန္တား၊ ရားဇားဟော်ခံ၊ ခွန်တန်ကွိုတောဝ်း၊ လမ်းသားမိဘုရာ၊အမဉ်နားမ၊သုဘတ်တဒေ၀ီး၊ မိဘုရာနဲနော၊ မွိုးမဉ်ကလျား၊ဖါမဉ်သက္က၊ရားဇဟော်ခံ၊ခွန်တန်ကွိုနဲ၊ သုဘတ်ဘာဒေ၀ီး။မိဘုရာနောဝ်ခါ၊ပုတ်တားပိုခို၊ ဟောင်ရိုနားမ၊သုဓမ္မရားဇားန၀်ခါပိုမူး၊မွိုးဖါဖန်ဖေး၊အမေးနာမ၊မိမိန္တသိင်္ခ အီးလအီးထွာ၊ တလွယ်သာတောဝ်း၊ဗွေးစ၀်းဘုရာ၊ အတ္တဒသီး၊ဗျာဒိတ်ငါသေဖေး၊ ဖြောင်းဖြငွေါဝ်းငွါ၊သေးချားထွူမ
                 

    Wednesday, August 21, 2013

    မြန်မာလူမျိုး ကမ္ဘာ့ထိပ်သီး ပုဂ္ဂိုလ်ကြီးများ


    ပုံတောင် ပုံညာဒေသမှ နှစ်သန်းပေါင်း ၄၀ ရှိ ပရိုင်းမိတ်ရုပ်ကြွင်းများ တွေ့ရှိချက်အရ လူသားမျိုးနွယ်အစ မြန်မာကဆိုပြီးတော့ ပညာရှင်တွေက သက်သေပြခဲ့ကြပါတယ်။ အဆိုပါ ကမ္ဘာ့ ပထမဆုံး လူသားဖြစ်တဲ့ မြန်မာတွေဟာ ရေကြည်ရာ မြက်နုရာသို့ လျှောက်သွားကြရာကနေ ကမ္ဘာ တစ်လွှားသို့ ပြန့်နှံ့သွားပါတော့တယ်။ အဲသလို ပြန့်နှံ့ရာကနေ ဘီစီ ၂၀၀ လောက်မှာတော့ မြန်မာတိုင်းရင်းသား တစ်မျိုးဖြစ်တဲ့ ချင်းလူမျိုး (Chin) တွေက Chin မင်းဆက် ကို တရုတ်ပြည်မှာ တည်ထောင် လိုက်ကြပါတယ်။ တရုတ်ပြည် မဟာတံတိုင်းကြီးကို ကာရံခဲ့တဲ့ Chin Shi Huangdi ဘုရင်ဟာ ချင်းလူမျိုးဖြစ်ကြောင်း သိရပါတယ်။ အေဒီ ၁၅ ရာစုမှာ မြန်မာလူမျိုး ဘုရားတကာမ ကျောင်းတကာမ ဖြစ်တဲ့ ဗာစကို ဒကာမ (Vasco da Gama) က အိန္ဒိယတိုက်ငယ် ကို တွေ့ရှိခြင်း၊ မြန်မာလူမျိုး ကိုလံဘတ် (ကြီးလာတဲ့အခါ ဦးလံဘတ်) က အမေရိက တိုက်ကို တွေ့ရှိခြင်းနဲ့ အတူ မြန်မာ လူမျိုးပေါင်းမြောက်များစွာဟာ အဲဒီ ဒေသတွေမှာ အခြေချခဲ့ကြပါတယ်။

    ၂၀ ရာစု အစောပိုင်းမှာ မြန်မာ အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ဂျာမနီနိုင်ငံဖွား ဇက်-ပလ္လင် (Zeppelin) က ရာဇပလ္လင်နဲ့ တူတဲ့ လေသင်္ဘောကို တီထွင်ခဲ့ခြင်း နဲ့ အတူ မြန်မာတွေဟာ လေသင်္ဘောစီးပြီးတော့ ဥရောပ အနှံ့ ခြေဆန့်ခဲ့ကြပါတယ်။ အီတလီကို ရောက်နေတဲ့ မြန်မာလူမျိုး မာ-ကိုနီ (Marconi) (မာ-ကိုပြာရဲ့ညီ) က ကြိုးမဲ့ကြေးနန်းတွေ တီထွင်ခဲ့လို့ ဆက်သွယ်ရေးတွေ တိုးတက်ခဲ့သလို ပြင်သစ်နိုင်ငံရောက် မြန်မာ အမျိုးသမီး မဒမ် ကြူကြူရီ (Madame Curie) ဟာ ရေဒီယမ်ကို တွေ့ရှိခဲ့လို့ နိုဗဲလ်ဆု ရခဲ့ပါတယ်။ ဒီလိုပါပဲ မြန်မာ့ ဆိုင်းပညာရှင်ကြီးဖြစ်တဲ့ ရွာဘုရင် တရာ နတ်တန်ခိုး (Rabindranath Tagore) ဟာ ဂီတဉ္ဇလီ ကဗျာနဲ့ နိုဗဲလ်ဆု ရရှိခဲ့ပါတယ်။ မြန်မာတွေအတွက် အခြား ဂုဏ်ယူစရာ တစ်ခုကတော့ “အဲဒီ-ဆင်” (Edison) ဆိုတဲ့ မြန်မာ့ ဆင်ပြောင်ကြီးရဲ့ အံ့မခန်း တီထွင်မှုတွေပါပဲ။ ဒီလိုပါပဲ အလက်ဇန္ဒာ ဂရေဟမ် ဘဲ ဆိုတဲ့ မြန်မာ ဘဲကြီးကလဲ တယ်လီဖုန်းကို တီထွင်ခဲ့ပါတယ်။

    မြန်မာတွေဟာ ကမ္ဘာပေါ်မှာ အဲသလောက် ထင်ရှားခဲ့ကြတဲ့အတွက် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ကြီးဆိုတဲ့ “နေတိုး” အဖွဲ့ကို မြန်မာ ရုပ်ရှင်မင်းသား နေတိုးက ဦးဆောင် ဖွဲ့စည်းခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။  အာဆီယံ အဖွဲ့ကြီးဟာလဲ မြန်မာပြည်က လုပ်တဲ့ အာမီရမ် (Army Rum) ကို သဘောကျလို့ အတုယူထားတာလို့ ဆိုပါတယ်။ ကေသီ-ပစိဖိတ် (Cathy-Pacific) ဆိုတဲ လေကြောင်းလိုင်းကို တည်ထောင်ခဲ့သူဟာ ဒေါ်ကေသီဆိုတဲ့ မြန်မာအမျိုးသမီး တစ်ဦးပါ။ 

    ဒီလို တစ်ကမ္ဘာလုံးမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာတွေဟာ နိုင်ငံပေါင်းများစွာမှာလဲ ထိတ်တန်း ခေါင်းဆောင်ကြီးတွေ ဖြစ်ခဲ့ကြတာ တွေ့ရပါတယ်။ BS News က စုံစမ်းသိရှိရ သလောက် နိုင်ငံတကာက မြန်မာ့ ခေါင်းဆောင်တွေကို တင်ပြရရင်-

    ၁။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် - ကော်ဖီ-အနံ့ (သူကကော်ဖီ အရမ်းကြိုက်တော့ သူ့ဆီက ကော်ဖီအနံ့ ထွက်လို့) (Kofi Annan)

    ၂။ အမေရိကန် သမ္မတ- ရော်နယ် ဦးရည်ခင် (Ronald Reagan)

    ၃။ ဆိုဗီယက် သမ္မတ- မိခေးလ် ကိုဗချော (Gorvachev)


    ၄။ ဆိုဗီယက်ခေါင်းဆောင်ကြီး- ဂျိုးဇက် စန္ဒာလင်း (မိန်းမတစ်ဦး ဖြစ်ပါသည်) (Stalin)

    ၅။ အမေရိကန် သမ္မတများ- ဂျော့ မောင်ပု (စီနီယာနှင့် ဂျူနီယာ) (George Bush and George W. Bush)

    ၆။ ဗြိတိန် ၀န်ကြီးချုပ်- မာဂရက် ဒေါ်သေချာ (မိန်းမဖြစ်ကြောင်း သေချာပါသည်) (Magaret Thatcher)


    ၇။ သူမကို ဆက်ခံသူ ၀န်ကြီးချုပ်- ဂျွန် မယ်ကြာ (မိန်းမဖြစ်ပါသည်) (John Major)

    ၈။ ပြင်သစ် သမ္မတ- ဆာ ကိုစည် (ဆာဘွဲ့ရဖြစ်ပါသည်) (Sarkozy)

    ၉။ ဂျာမနီ ၀န်ကြီးချုပ်- ဟဲလ် မီးခိုး (Helmut Kohl)


    ၁၀။ အီတလီ ၀န်ကြီးချုပ်- ဘီလူး စကိုနီ (အစွယ်ငေါငေါနဲ့ ကြောက်စရာဘီလူးကြီး) (Berlusconi)

    ၁၁။ နာဇီခေါင်းဆောင်- အံ့ခမန်း (အရမ်း အံ့မခန်း နိုင်လွန်းတဲ့ ပုဂ္ဂိုလ်ပါ) (Eichmann)

    ၁၂။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး- ၀ါရင့် ခရစ္စတိုဖာ (အရမ်း ၀ါရင့်တဲ့ ပုဂ္ဂိုလ်ပါ) (Warren Christopher)


    ၁၃။ တိဗက် ဘာသာရေးခေါင်းဆောင်- ဒလိုင်း လန်ဘား (အရပ်ရှည်တဲ့ ကိုလန်ဘား ဖြစ်ပါသည်) (Dalai Lama)

    ၁၄။ အိန္ဒိယ၀န်ကြီးချုပ်- ဂျာဝါဟလာ ကိုနေ-အရူး (Jawaharlal Nehru)

    ၁၅။ တရုတ်ခေါင်းဆောင်ကြီး- မော်-အဆီတုံး (Mao Zedong)


    ၁၆။ စင်ကာပူ ၀န်ကြီးချုပ်- လီကွမ် အရူး (Lee Kuan Yew)

    ၁၇။ သူ့ကို ဆက်ခံသူ- ကိုကျောက်တောင် (Goh Chok Tong)

    ၁၈။ မြောက်ကိုးရီးယား ခေါင်းဆောင်- ခင်ချိုအေး (မိန်းမတစ်ဦးဖြစ်ပါသည်) (Kim Jong Il)

    ၁၉။ ပါကစ္စတန် ၀န်ကြီးချုပ်- ဘရာဇီယာ ပုတို (အရပ်ပုပု ဂင်တိုတို - ဘရာဇီယာရောင်းသူ) (Benazir Bhutto)


    ၂၀။ ထိုင်းဝန်ကြီးချုပ်- အဘိသေက ၀ိဇ္ဇာဇီဝ (ပါဠိနဲ့ မင်းစိုးရာဇာဘွဲ့ ခံယူထားသူ) (Abhisit Vejjajiva)

    ၂၁။ မလေးရှား ဒုဝန်ကြီးချုပ်- အဏ္ဏ၀ါ အီဘရာဟင် (အဏ္ဏ၀ါဇီဝဘာသာရပ်ဖြင့် ဘွဲ့ရထားသူ) (Anwar Ibrahim)

    ၂၂။ ဗီယနက်နမ် နိုင်ငံခြားရေးဝန်ကြီး- ငုယင် ကိုသက် (Nguyen Co Thach) 


    ၂၃။ မြန်မာပြည်ဘုရင်ခံ- ဆာ ဦးဘရန် (Sir Hubert Rance)

    ၂၄။ မြန်မာပြည်ဘုရင်ခံ- ဆာ ဒေါ်မန်စမစ် (မိန်းမ ဖြစ်ပါသည်) (Sir Dorman-Smith)

    ၂၅။ မြန်မာပြည် ဘုရင်ခံ- ဆာ ဟာကုတ် ပတ္တလား (ပတ္တလား ဆရာ ဖြစ်ပါသည်) (Sir Harcourt Butler)

    ၂၆။ အရှေ့တောင်အာရှ စစ်သေနာပတိချုပ်- လော့ မောင့်ဘက်တန် (ဘက်တန် ရိုက်လို့ရပါတယ်။) (Lord Mountbattan)

    ၂၇။ ကုလသမဂ္ဂကိုယ်စားလှယ်- ဦးနံပြား (Nambiar) တို့ဖြစ်ကြပါတယ်။


    ဒါတင် မကပါဘူး။ ကမ္ဘာ့ အချမ်းသာဆုံး ထဲမှာပါတဲ့ သူဌေးကြီး ၀ါရင့်-ဘူဖေ (Warren Buffett) ဆိုတာ ၀ါရင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ ပြင်သစ်နိုင်ငံက ဂိုးသမား ဘသက် (Barthez)၊ ရီယဲ နည်းပြ မောင်ရင်ညို (Mourinho)၊ ဒေးဗစ် ကိုဘဟန် (David Beckham) တို့ဟာ ထင်ရှားတဲ့ မြန်မာတွေပါ။ ကမ္ဘာ့ရုပ်ရှင် လောကမှာဆိုရင် ဟောလီးဝုဒ်က ကိတ်-၀င်းလဲ့ (Kate Winslet)၊ စန္ဒာ-ဗူးလော့ (Sandra Bullock)၊ နာရီ အရမ်း ပတ်တဲ့ ဂျိမ်းစ်ဘွန်းမင်းသား ရှောင်ကွန်-နာရီ (Sean Connery)၊ ရန်ဗိုလ် (Rambo)၊ဟောင်ကောင်က ပရုတ်ဆီ (Bruce Lee)၊ တရုတ်ပြည်က ပေါင်ချိန် (၀လွန်းလို့ ပေါင် ခဏခဏ ချိန်ရသူ)၊ နဲ့ ကိုးရီးယား နိုင်ငံက မင်းသမီး ဆောင်းဟေကို (မိုးဟေကိုရဲ့အစ်မ) (Song Hay Ko) တို့ဟာ နာမည်ကျော်ကြားတဲ့ မြန်မာ လူမျိုးများ ဖြစ်ကြပါကြောင်း လေ့လာ တွေ့ရှိရပါတယ်။ :P

    ကရုဏာ အပြည့် နှင့် မျက်နှာ

    လူတစ်ယောက်အတွက် သူ့ရဲ့ကံကြမ္မာက ဘယ်လို ရှိတယ် ဆိုတာထက် သူ့ကံကြမ္မာကို သူဘယ်လို ကြိုးကိုင် ထိန်းသိမ်းနိုင်တယ်ဆိုတာက ပိုအရေးကြီးပါတယ်....(ဝေဟန် ဗွန် ဟန်မ်ဘို့်)

          ကျွန်တော်ငယ်ငယ်တုန်းက ဟန်အပြည့်နဲ့ မာနခဲလေးပေါ့ဗျာ....မာနခဲဆိုတာလဲ ဖြစ်လောက်ပါရဲ့... ကျွန်တော်က ရုပ်ခံကလည်းရှိ၊ ချစ်ဖို့ကောင်းတဲ့ အသွင်အပြင်ကလဲ ရှိတယ်လေ... ဒါကြောင့် ဒီလိုအခြေအနေတွေ ပေါ်မှာ ယစ်မူးသာယာခဲ့တယ်လို့လဲ ဆိုနိုင်ပါတယ်ဗျာ။ ကျွန်တော်ဆိုတဲ့လူက အမြဲတမ်းမှန်ထဲ ကြည့်ပြီး ကျွန်တော့်ရဲ့ ရုပ်အဆင်းကို ရှိုးထုတ် ဂုဏ်ယူနေတတ်တာလေ....ပြီးတော့ ကျွန်တော်က ထူးချွန်တဲ့ အားကစားသမားတစ်ယောက်လဲ ဖြစ်ပြန်တော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့ဗျာ... အထက်တန်း ကျောင်းတက်ခဲ့တဲ့ ဘ၀ တစ်လျှောက်လုံးမှာလဲ ကောင်မလေးတွေအများကြီးနဲ့ ချိန်းတွေခဲ့ရတာလဲ အမောဗျ၊ ရည်းစားမရှိတဲ့ အချိန်ဆိုတာ ခပ်ရှားရှားပဲလေ။

          နောက်တစ်ခုက ကျွန်တော်ဟာ ပေါင်းရခက်တဲ့ လူစားမျိုးပေါ့၊  အမြဲ တောင်းဆိုမှုများပြီး ဇီဇာကြောင်တဲ့လူစားမျိုးလေ...ကျွန်တော့်ဘ၀မှာ ချစ်သူရည်းစားတွေနဲ့ ပတ်သက်တဲ့  တူညီတဲ့ ခံယူချက် တစ်ခုပဲ ရှိတယ် အဲဒါကတော့ " ကြိုက်ရင်ကြိုက် မကြိုက်ရင် သွား " ဆိုတဲ့ လမ်းစဉ်ပေါ့ဗျာ... အဲဒါကလဲ သီရိဆိုတဲ့ မိန်းကလေးနဲ့ မတွေ့ခင် အချိန်ထိပေါ့။

          သီရိဆိုတာကတော့ ကျွန်တော့်ထက် သုံးနှစ် ငယ် တဲ့ မိန်းကလေးတစ်ဦး ဆိုပါတော့.... သူက ရွှေအိုရောင် ဆံနွယ်ပိုင်ရှင် နတ်သမီးလေးတစ်ပါးပေါ့... ပြီးတော့ ကျွန်တော့်နှလုံးသားကို အရည်ပျော်စေနိုင်လောက်တဲ့ ပါးချိုင့်ပိုင်ရှင် အလှဘုရင်မ တစ်ဦးလဲ ဖြစ်သလို ၊ မေ့ဖို့ကြိုးစားလို့ မရနိုင်လောက်တဲ့ အပြုံးတစ်ပွင့်ကိုလဲ အမြဲ ဆင်မြန်းထားလေရဲ့။ သူမရဲ့  အပြုအမူ လှုပ်ရှားမှုတိုင်းဟာ ချိုမြိန်လှပလွန်းလို့ ကျွန်တော့်ဘ၀မှာ အသက်ရှူမှားခဲ့ရတာလဲ အကြိမ်ကြိမ်ပါပဲ။ ကျွန်တော်တို့ တွေ့ဆုံ ဖြစ်ပြီးသိပ်မကြာခင်မှာပဲ ရင်းနှီးတဲ့ သူငယ်ချင်း မိတ်ဆွေတွေဖြစ်သွားတယ်ဆိုပါတော့ဗျာ။ ကျွန်တော့် ဘ၀မှာ ပထမဆုံး အကြိမ် ပျော်ရွှင်ခြင်းကို ခံစားခဲ့ရတဲ့ အချိန်တွေပဲပေါ့။

           တစ်နေ့တော့ သီရိက မထင်မှတ်ပဲ ကျွန်တော့်ကို .... သူမရဲ့  ရွယ်တူ ချစ်သူကောင်လေးနဲ့ သူမ ပြန်လက်တွဲဖို့ ဆုံးဖြတ်လိုက်တယ် ဆိုတာ ဖွင့်ပြောလာတယ်။  ဒီစကားကိုလဲ ကြားရော ကျွန်တော့်နှလုံးသားတွေ အစိတ်အမွှာမွှာ ကြေကွဲရတော့တာပါပဲဗျာ...ဒီဖြစ်ရပ်ကြောင့် ကျွန်တော့် ဘ၀မှာ ပထမဆုံးအကြိမ် နာကျင်ခံစားခဲ့ရတယ်။ ကျွန်တော်ဟာ တခြားကောင်မလေးတွေနဲ့ ဆက်ပြီး ချိန်းတွေ့ခဲ့ပေမဲ့ ကျွန်တော့်  နှလုံးသားကသီရိအတွက် နေရာတစ်နေရာကတော့ အမြဲ လစ်ဟာနေခဲ့လေရဲ့။

     ဒီလိုနဲ့ တစ်နှစ်လောက် သီရိနဲ့ မတွေ့ဖြစ်တော့ဘူးလေ.... နောက်ပိုင်း တော့  သီရိက ကျွန်တော်နဲ့ ပြန်တွေ့ချင်တယ်ဆိုတဲ့ အကြောင်း သူငယ်ချင်းတစ်စုက ပြန်ပြောပြလို့ သိရတယ်။ ကျွန်တော် ၀မ်းသာလိုက်တာဗျာ ... သူမရဲ့ အပြုံးချိုချိုလေးတွေကို ပြန်တွေ့မြင်ရတော့မယ်လေ ... သာယာဖွယ် စကားသံလေးတွေကို နောက်တစ်ကြိမ် ထပ် ကြားရတော့မှာပေါ့၊ ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက်ဟာ အရင်ကအတိုင်း ပြန်တွေ့ဆုံခဲ့ကြတာပေါ့။

     ကျွန်တော်က အထက်တန်းကျောင်းပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ အလုပ်ရခဲ့တယ်၊ ၁၉၉၀ ခုနှစ် အလုပ်သမားနေ့မှာ ကျွန်တော်က လုပ်ငန်းထဲက အလုပ်သမားတစ်ယောက်နဲ့ အလုပ်အတူတူ လုပ်နေခဲ့တယ်။ အဲဒီနေ့က အိုက်လွန်းတော့ ကျွန်တော်က ရှပ်အကျီ် ကို ချွတ်ပြီး အလုပ်လုပ်နေခဲ့တယ်..လုပ်ရတာလဲ အဆင်ပြေပါတယ်ဗျာ။ ကျွန်တော့်အပေါ်တည့်တည့်မှာတော့ အလုပ်သမားတစ်ယောက်က အရည်ကျိုထားတဲ့ ကတ္တရာစေးပူပူတွေထည့်ထားတဲ့ ပုံးတစ်ပုံးနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ ရုတ်တရက် ချက်ချင်းဆိုသလိုပဲ... ကတ္တရာစေးပုံးက မထင်မှတ်ပဲ မှောက်ကျလာရော.... အဲဒီအချိန်မှာ ကျွန်တော့်အပေါ်ကို အဲဒီပုံး ကျလာလား ဆိုတာကိုလဲ မမှတ်မိတော့ပါဘူး.. ဒါပေမဲ့ ကျွန်တော်သိလိုက်ရတာကတော့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပူလောင်နာကျင်လှတဲ့ ခံစားမှုတစ်မျိုးပါ၊ အမှန်ဆိုရရင် ကျွန်တော့် တစ်ကိုယ်လုံး ခေါင်းကနေ ခြေဖျားအထိ ကတ္တရားစေးတွေ ဖုံးလွှမ်း ကုန်တော့တာပါပဲ။

       အဲဒီနောက် ကျွန်တော့်ကို ဆေးရုံ အမြန် ခေါ်သွားကြတယ်....ကျွန်တော့်မျက်လုံးထဲမှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးဇောက်ထိုးမိုးမျှော်ဖြစ်ကုန်တော့ တာပဲ...ကျွန်တော့်ကံကြမ္မာက ဘယ်လိုဖြစ်မှာလဲ ဆိုတာ မတွေးတတ်အောင်ပါပဲဗျာ ....

       ဆရာဝန်တွေက ကျွန်တော့်ကို ဘယ်နှနာရီ ကြာအောင် ကုသပေးနေကြတယ်ဆိုတာ မသိတော့ပါဘူး...  နောက်ဆုံးတော့ ခွဲစိတ်အထူးကု ဆရာဝန်တစ်ယောက်က ကျွန်တော့်ကို ငုံ့ကြည့်ပြီး ပြောရှာတယ်... "ကျွန်တော်အမှန်အတိုင်းပြောရတာစိတ်မကောင်းပါဘူးဗျာ " ...သူပြောတာက ကျွန်တော့်တစ်ကိုယ်လုံးရဲ့ ၅၅ ရာခိုင်နှုန်းက အပူလောင် ဒဏ်ရာ တွေနဲ့ ပြည့်နှက်နေတယ် ဆိုပါလား၊ ဒါက အဆိုးဆုံး မဟုတ်ပါဘူးလေ...ဒီထက် အရေးကြီးတာက ကျွန်တော်တန်ဖိုးထားရတဲ့ မျက်နှာတစ်ခုလုံး ကတ္တရာစေးရဲ့ ဒဏ်ခံလိုက်ရပြီ ဆိုတာပါပဲ... ဆရာဝန်က ကျွန်တော့်မှာ နှာခေါင်း၊ အောက်နှုတ်ခမ်း နဲ့ မေးစေ့ မရှိတော့ဘူးလို့ဆိုလိုက်ပါတယ်။

     ဒီသတင်းကြားကြားချင်း ကျွန်တော် အသက်မရှူနိုင်လောက်အောင် မှင်သက် နေမိခဲ့ တယ်။   သွားပါပြီဗျာ...ကျွန်တော်မခံစားခဲ့ရဖူးတဲ့ မျှော်လင့်ခြင်းကင်းမဲ့မှုကို ကျွန်တော်ပထမဆုံး ခံစားခဲ့ရတာပဲ....ဘ၀မှာ တင်းထားခဲ့တဲ့ အမှီအတွယ် ဆုပ်ကိုင်ထားမှုတွေ လဲ လျော့တိလျော့ရဲ ဖြစ်ခဲ့ရပြီလေ....နောက်တစ်ကြိမ်ပြန်ပြီး အရင်ကလို အသွင်အပြင်မျိုး မရနိုင်တော့ဘူးလေ...ဒီလိုဆိုရင် ကျွန်တော်အသက်ရှင်တာကရော ဘာထူးတော့မှာလဲ...

      နောက်နာ၇ီ အနည်းငယ် ကြာအောင် ဆရာဝန်တွေက ခွဲစိတ်မှုတွေ ဆက်လုပ်ကြတယ်.... မျက်စိထဲမှာ ဘာမှမမြင်တော့ဘူး... အသက်ရှုဖို့လဲ မစွမ်းနိုင်တော့တဲ့ အခြေအနေပါပဲ... နောက် သတိပြန်လည်လာတော့ ဆရာဝန်တွေက ကျွန်တော့်ကို ကျွန်တော့်အကိုအိမ်မှာ ထားဖို့ ပြောခဲ့ကြတယ် ...ဒါနဲ့ ကျွန်တော်ကို အကို့အိမ်ကို သယ်လာ ကြတယ်လေ...


      ကျွန်တော့်အတွက် တကယ့်ကို ငရဲပြည်ပါပဲ...ကျွန်တော်ကြားတာက ဆရာဝန်တွေက ကျွန်တော့်ကို တစ်ခါအိပ်ရင် မိနစ်(၂၀) ထက် ပိုမအိပ်ဖို့ အကို့ကို မှာတယ်။ ကျွန်တော်လဲ ကောင်းကောင်းအိပ်လို့လဲ မရခဲ့ပါဘူး...

         ကျွန်တော်တစ်ချက် နိုးလာတော့ ပထမဆုံးတွေ့လိုက်ရတာက ရင်းနှီးတဲ့ အပြုံး တစ်ခုပါပဲ.... ဒီအပြုံးပိုင်ရှင်ဟာ တခြားလူတော့မဟုတ်ပါဘူး... ကျွန်တော့်ဘ၀ရဲ့ အလင်းနတ်သမီး သီရိပါပဲ။ ကျွန်တော့်အနေနဲ့တော့ ဒီလိုအခြေအနေမျိုးမှာသူမကို မမြင်တွေ့ချင်ပါဘူး... ဒါပေမဲ့ သူမက ကျွန်တော့်ဘေးနားမှာ ပြုစုပေးဖို့ အတင်း တောင်းဆိုပါတယ်။ ကျွန်တော်က လက်မခံပါဘူး...ကိုယ်ချစ်တဲ့ မိန်းကလေးကို ကိုယ့်အနားမှာ ဒီလိုအခြေအနေနဲ့ ဘယ်သူရှိစေချင်မှာလဲ.... နောက်ဆုံးတော့ ကျွန်တော်အရှုံးပေးခဲ့ပါတယ်.... သူမက ကျွန်တော့်ကို မိနစ်(၂၀) ခြား တစ်ခါလာနှိုးပေးပြီး တစ်ညလုံး စောင့်ပေးခဲ့ပါတယ်... နေ့ဘက် အလုပ်မသွားခင်အထိပါပဲ။

       ကျွန်တော့်ဘ၀တစ်ခုလုံး အထီးကျန်ဆန်ဆန်ဖြတ်ကျော်ခဲ့ရတယ်... ကျွန်တော်လုပ်နိုင်တာက ထထိုင်ပြီး ရုပ်ရှင် ကြည့်နိုင်ရုံပါပဲ... လှုပ်ရှားမှုတိုင်းက နာကျင်လှတယ်ဗျာ...ကျွန်တော်ဘယ်လိုဖြစ်မယ်ဆိုတာ မသိရသေးဘူးလေ...သီရိမရှိရင်တော့ ကျွန်တော့်ဘ၀ဘယ်လိုဖြစ်မယ်ဆိုတာ မတွေးတတ်တော့ပါဘူး... ဒီအတောအတွင်းမှာ ဆေးကုသမှုကတော့ ခံယူနေရတုန်းပဲပေါ့...

     တစ်နေ့တော့  ဒရွတ်တိုက်သွားပြီး မှန်ကို ဆွဲယူနိုင်တဲ့ စွမ်းအားကို ရရှိခဲ့တယ်... ကျွန်တော်က အရမ်းသိချင်နေလှပြီ...ကျွန်တော့်ဘ၀တစ်လျှောက်လုံး ဂုဏ်ယူမော်ကြွားခဲ့တဲ့ မျက်နှာတစ်ခုလုံး ဘာတွေဖြစ်ကုန်သလဲ ဆိုတာပေါ့...

     လပေါင်းများစွာ ကျွန်တော်ဟာ ခါးသီးစွာ ဘ၀ကို ဖြတ်ကျော်ခဲ့ရတယ်....ကျွန်တော်က သီရိကို ကျွန်တော့်အနားကနေ ဝေးရာကို သွားဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပါတယ်။ သူမ ကို ကျွန်တော့်အတွက်နဲ့ ဝမ်းမနည်းစေချင်ဘူးလေ...ဒါပေမဲ့ သီရိကတော့ ကျွန်တော့်ဘေးနားက တစ်ဖ၀ါးမှ မခွာခဲ့ပါဘူး... ခိုင်မာတဲ့ စိတ်ကို ဆုံးဖြတ်ထားဟန်တူပါတယ်။ သူမက တကယ်တော့ ကျွန်တော့်ဇနီးမဟုတ်ပေမဲ့ ဇနီးလိုပဲ ချစ်ရှာတာပါလား... လူတကာ ကြောက်ရွံ့တဲ့ ဒီလိုမျက်နှာကို သူမက လုံးဝ မမှုဘူးလေ ... ကျွန်တော့်သူငယ်ချင်းတွေ အများစုက ကျွန်တော်နဲ့ ဝေးရာကို ထွက်သွားကြပါတယ်....

       အချိန်တွေ ကုန်ဆုံးသွားပြီးနောက် .... ဆရာဝန်ကောင်းတစ်ဦးရဲ့ ပြုစုမှုကြောင့်ပဲ ကျွန်တော့်အခြေအနေဟာ တိုးတက်လာခဲ့တယ်။ ကျွန်တော် နောက်ဆုံးတော့ ဒဏ်ရာတွေကနေ သက်သာသွားပါတယ်။ သီရိကတော့ ကျွန်တော့် ဘေးမှာ အမြဲတမ်း ယုံကြည်မှုအပြည့်နဲ့ ကူညီခဲ့ပါတယ်... သူမက ကျွန်တော့်ကို ဂရုစိုက်တယ် ပြီးတော့ကျွန်တော့်ရဲ့ အဖော်မွန်ဖြစ်ခဲ့ပါတယ်... ကျွန်တော် အသိတရားတစ်ခု ရရှိလိုက်တာက စစ်မှန်တဲ့ မိတ်ဆွေဆိုတာ လူတွေ ထင်ထားကြတဲ့ ယောကျာ်းမိန်းမကြားက ဆက်ဆံမှုထက်  ပိုအရေးကြီးတယ်ဆိုတာပါပဲ။ ရင်းနှီးမှုကို ခိုင်မာစေတာကတော့ မေတ္တာတရားတွေနဲ့ တည်ဆောက်ထားတဲ့  ပေါင်းသင်းဆက်ဆံရေးပါပဲ။

     သီရိနဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့  ဆုံတွေ့ချိန်ဟာ တိုတောင်းလှခဲ့ပေမဲ့.... အပြန်အလှန်နားလည်မှုကတော့ နှလုံးသားထဲမှာ ကိုယ်စီ အခိုင်အမာ ကိန်းအောင်းနေခဲ့ကြပြီလေ... ကျွန်တော်တို့ လက်မထပ်ခဲ့ကြပါဘူး... ကျွန်တော်တို့သိလိုက်တာက ... ဘ၀ တစ်လျှောက်လုံး တည်တံ့တဲ့ ပေါင်းသင်းဆက်ဆံမှုကို ၂ ယောက်လုံး ပိုင်ဆိုင်ခဲ့ကြတာပါပဲ။ သူမကို ကျွန်တော့်ဘ၀ရဲ့ ဆိုးဝါးတဲ့ အခြေအနေ နေ့ရက်တွေမှာ အတူတူ ဖြတ်သန်းပေးခဲ့တဲ့ အတွက် ကျေးဇူးတင်မိပါတယ်...သူမရဲ့ ကရုဏာ မေတ္တာတွေကို ကျွန်တော့်ကို ပေးခဲ့တာအတွက်ရောပေါ့။

     နောက်နှစ်အနည်းငယ်ကြာတော့... သီရိက တခြားတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်... ကျွန်တော်လဲ တခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပါတယ်။ ကျွန်တော့်ဇနီးကို ကျွန်တော် အရမ်းချစ်ပါတယ်.... ပျော်ရွှင်တဲ့ မိသားစုဘ၀လေးကိုလဲ ထူထောင်နိုင်ခဲ့ပါတယ်။ နေ့တိုင်းတော့ ကျွန်တော်ဟာ သီရိ ကျွန်တော့်ကိ ပေးခဲ့တဲ့ ကရုဏာ သင်ခန်းစာတွေကို အသုံးချဖို့ ကြိုးစားပါတယ်.... ကျွန်တော်နားလည်လိုက်တာက ကရုဏာတရားက  လူတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ အကောင်းဆုံးဆေးဝါးတစ်ခုပါပဲ...ခုတော့ ကျွန်တော် မှန်တွေ မလိုတော့ပါဘူးလေ...

    မူရင်း။ ။ Michael Clay ရဲ့ The Face of Compassion ကို သင့်လျော်သလို ခံစား ဘာသာပြန်ပါသည်...ကျေနပ်နှစ်သက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

    စာချစ်သူများကို ကျေးဇူးတင်ပါတယ်။